Local News

ဧည့်မထဆန်(သစ်)/(ဟောင်း)နှင့် ဆန်ကွဲ B(1,2)/ B(2,3,4)နှင့် ဖွဲနု ဈေးများမြင့်တက်ကာ ပေါ်ဆန်းမွှေးဆန်(သစ်)/ (ဟောင်း) ဈေးများတည်ငြိမ်လျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ဆန်လက်ကျန်၊ စပါး လက်ကျန်အနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်၊ ဆန်ကွဲနှင့်ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျှက်ရှိပါသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၂၆.၃.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(ဟောင်း)တစ်အိတ် ၇၂၀၀၀ ကျပ်၊ ဧည့်မထ ဆန်(သစ်)တစ်အိတ် ၆၅၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း)တစ်အိတ် ၁၂၀၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၂၀၀၀၀ ကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၅၀၀၀ ကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၄၁၀၀၀ ကျပ်နှင့် ဖွဲနု တစ်အိတ် ၂၇၆၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ (၃.၄.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(ဟောင်း)တစ်အိတ် ၇၅၀၀၀ ကျပ်၊ ဧည့်မထဆန်(သစ်)တစ်အိတ် ၇၀၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း)တစ်အိတ် ၁၂၀၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ်  ၁၂၀၀၀၀ ကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၅၀၀၀၀ ကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ်  ၄၅၀၀၀ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၉၄၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက် ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(ဟောင်း)တစ်အိတ် ၃၀၀၀ ကျပ်၊  ဧည့်မထဆန်(သစ်) တစ်အိတ် ၅၀၀၀ ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၅၀၀၀ ကျပ်၊ဆန်ကွဲB(2,3,4) တစ်အိတ် ၄၀၀၀ ကျပ်၊ ဖွဲနု တစ်အိတ် ၁၈၀၀ ကျပ်တို့ ဈေးမြင့်တက်ခဲ့ပြီး ပေါ်ဆန်းမွှေးဆန်(ဟောင်း) (သစ်) မှာ ဈေးငြိမ်လျှက်ရှိနေပါသည်။ ဧည့်မထဆန်(ဟောင်း)/(သစ်)၊ ဆန်ကွဲB(1,2)/B(2,3,4) နှင့် ဖွဲနုဈေးများ မြင့်တက်ရခြင်းမှာ ဝယ်လိုအားများခြင်းကြောင့်ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်မှ သိရှိရပါ သည်။  

 

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 

Category: Local News